Lyrics
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
အတူကြိုးစားခဲ့တာပဲ ကံတရားကထင်သလောက်တော့မရက်စက်ခဲ့တဲ့အတွက် တို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးတယ်
အုတ်တစ်ချပ်နဲ့၊ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့
ဆက်လျှောက်မယ်
ဘေဘီ မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
ဘဝရဲ့ အဓိပ္ပါယ်ကို ငါတို့အတူဖွင့်ပြီးတော့
ဆက်ကြိုးစားကြမယ် ဘာများခက်လို့လဲ
မနက်အသစ်မရောက်ခင်သာ အမှောင်ထုဟာကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့ နေမင်းရဲ့အလင်းရောင် လာတော့မယ်
အုတ်တစ်ချပ်နဲ့၊ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့
အားမလျှော့နဲ့
ဘေဘီ မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
ဝမ်းနည်းရတဲ့နေ့တွေ ပြန်ရေတွက်ဦးဟေ့
မဆိုစလောက်လေးပါ ယုံကြည်ထားပေး
တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ် အားတင်းထားလိုက်တော့
တဒဂ်လေးပဲ လာပါငိုမနေတော့နဲ့
အုတ်တစ်ချပ်နဲ့၊ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့
ဆက်လျှောက်လိုက်
ဘေဘီ မင်းမျက်လုံးတို့အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
Music Video
About
Artist IDIOTS
Added 3 months ago
More from IDIOTS
Popular Now
Tung tung tung sahur (English Translation)
Genius English Translations • 5,863 views
Sherine - Batmana Ansak (English Translation)
Genius English Translations • 1,807 views
Pikiran yang Matang
Perunggu • 1,351 views
AKUGETSU - Mi Vida Loca (VIVINOS - ALNST Sub : Till Part.1)
Genius English Translations • 1,159 views
Saja Boys - Soda Pop (Romanized)
Genius Romanizations • 1,106 views