Lyrics
စာတော်တဲ့ကျောင်းသားတစ်ယောက် ဖြစ်ချင်ဖူးတယ်
ကြိုးစားခဲ့ဖူးတယ် ဆုတွေလည်းဆွတ်ခူးတယ်ကလေးဘဝ မိသားစုနဲ့ကြည်နူးခဲ့
ငါစွဲလမ်းယစ်မူးတဲ့စိတ်ဆန္ဒတစ်ခုက
အဆိုတော်ကြီးဖြစ်ဖို့ စိတ်ကူးနဲ့ရူးတယ်
ဆယ်ကျော်သက်အရွယ် အိမ်မှာနောက်ထပ်မနေချင်ဘဲ
အုတ်ခုံမှာဂစ်တာတီးတဲ့ အပေါင်းအသင်းတွေအသေခင်တယ်
စာတွေမသင်ချင်ဘဲ ငါရည်းစားတွေပဲထားချင်
ကျူရှင်ခတွေတောင်းပြီး အပြင်ကိုလျှောက်ပြီးသွားချင်
Game ကစားချင် အိမ်ကပိုက်ဆံနှိုက်ခဲ့
ဆိုးတဲ့ငါ အကျိုးမဲ့စွာ ပေတေပြီးမိုက်မဲ
လက်ဖက်ရည်ဆိုင်နဲ့ လမ်းပေါ်ကရန်ပွဲတွေ
မနေ့တစ်နေ့က အဖြစ်အပျက်လို လွမ်းမိနေတုန်းပဲ
ဆရာမတွေ ခေါင်းကိုက်အောင်သောင်းကျန်းခဲ့
လူကြီးတွေကလည်း မင်းဒီအိမ်ကနေပြောင်းစမ်းတဲ့
အိပ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်
တိမ်လိုပဲ မျောလွင့်ရင်း
ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ
ရှာဦးမယ်
အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်
ငါရည်မှန်းတဲ့ဘဝအတွက် မျှော်လင့်ချက်များအတွက်
ရန်ကုန်မြေကိုနင်းခဲ့တာ သုံးရာခြောက်ဆယ့်ငါးရက်
၄၈ ကားကိုစီးလို့ မြို့ထဲကိုလျှောက်ကာထွက်
သင်တန်းတွေလျှောက်ကာတက် လူကလည်းမြောက်ကာတက်
ငါတစ်ယောက်တည်း မျောလွင့်ခဲ့ အချိန်က
လုပ်ချင်တာဖြစ်ချင်တာ စိတ်တွေကများ
Model ကြီးဖြစ်ချင်တယ် အဆိုတော်လည်းရူးတယ်
ရုပ်ရှင်တွေကြည့်ပြီးတော့ ဇာတ်လိုက်လည်းရူးတယ်
Vcd ရိုက်တဲ့ဝင်ငွေနဲ့လည်းရပ်တည်ဖူးတယ်
ခပ်တည်တည်နဲ့ shooting တွေလည်း ရပ်ကြည့်ဖူးတယ်
ချောကလက်ရောင်ရေခဲအိမ်မက် အခွေကိုလည်းဖြန့်ချိဖူးတယ်
အမှတ်မရှိဘဲ မကြာခဏလည်း heart ထိဖူးတယ်
ကြော်ငြာTv နဲ့ စူပါစတားတွေလည်း
ငါသိပ်ကိုအားကျပြီးအရမ်းကိုရူးသွပ်ပြီးမိုက်မဲ
ငါကြိုက်တဲ့မိန်းကလေးတစ်ယောက်ကိုအသည်းအသန်လိုက်ခဲ့
ကမာရွတ်၂ ကျောင်းရှေ့မှာအချစ်ရဲ့မှတ်တိုင်စိုက်ခဲ့
အိပ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်
တိမ်လိုပဲ မျောလွင့်ရင်း
ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ
ရှာဦးမယ်
လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်
ဖြစ်ချင်မှုတွေအောက်မှာ အရင်းအနှီးတွေနဲ့
ရယူခြင်းရဲ့နောက်မှာ ဒီလိုပေးဆပ်ခြင်းတွေနဲ့
အချိန်တွေ ပုံအောပြီးတော့ရလာတဲ့ရလဒ်
အခု မထူးခြားသေးပါဘူးဟေ့ ဘဝဆိုတာဟာပြဇာတ်
ကနေရင်း ပြရင်းနဲ့ ဖြစ်ပျက်ခဲ့ဇာတ်လမ်း
သူငယ်ချင်းများစွာနဲ့ ဖေဖော်ဝါရီမှတ်တမ်း
အသည်းတွေလည်းကွဲအက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ဖူးပြီ
တခါတလေလည်း ငါအောင်မြင်မှုနဲ့ယစ်မူးသည်
ချစ်သူတွေကလက်ဆောင်ပန်းစည်းတွေပေး
တချို့တွေက ဆဲရေးလို့ရေသန့်ဗူးနဲ့ကျွေး
အချစ်ရှိရင်အမုန်းရှိမယ် အဖြူရှိရင်အမည်းရှိမယ်
သဘာဝတရားပဲ အတက်ရှိတော့ အဆင်းရှိမယ်
ဒီဘဝအတွက်တော့ ကံတရားကိုဦးညွှတ်တယ်
စိတ်ဖိစီးမူ ဖိအားတွေနဲ့ ရူးသွပ်ဆဲ
ငါဟာအဲဗားဂေါ်လီ အနုပညာနဲ့အထူးပျော်သည်
ပရိသတ်အတွက် ငါ့နာမည်ကို စိုင်းစိုင်းဟုခေါ်သည်
အိပ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်
တိမ်လိုပဲ မျောလွင့်ရင်း
ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ
ရှာဦးမယ်
အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်
ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ်
ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ်
ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ်
ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ်
Music Video
About
Artist Sai Sai Kham Leng
Added 6 months ago
More from Sai Sai Kham Leng
Popular Now
Tung tung tung sahur (English Translation)
Genius English Translations • 6,143 views
Sherine - Batmana Ansak (English Translation)
Genius English Translations • 2,138 views
Pikiran yang Matang
Perunggu • 1,620 views
AKUGETSU - Mi Vida Loca (VIVINOS - ALNST Sub : Till Part.1)
Genius English Translations • 1,469 views
Saja Boys - Soda Pop (Romanized)
Genius Romanizations • 1,328 views