Chit Mye A Tainn Chit Me

by Khin Su Su Naing

15 Views Dec 10, 2025

Lyrics

လာ လိုက်ခဲ့ပါ အနာဂါတ်လမ်းဆီ
ခေါ်ဆောင်သွားမယ် ကိုယ် မထားရက်ခဲ့ပြီ
မင်းပုခုံးလေးမှီကာလေ အသက်ရှူနေချင်တယ်
မင်းအချစ်နဲ့ ကိုယ် သတ္တိရှိ
I love you အမြဲတမ်း တို့ ချစ်မယ်နော်
နှလုံးသားလေးနဲ့ အသည်းလေးကိုယူ
ဘာ ကြုံလာလာပေါ့ ချစ်နိုင်သူ
အလွမ်းများ ထားခဲ့လိုက်ပါ ရှေ့ဆက် ချစ်မယ်
မဝေးတော့တဲ့ နေ့သစ်တွေကိုမျှော်
ဒီရင်ထဲအထိ မြင်အောင်ကြည့်

အားငယ်နေလား အရှုံးပေးပြီး ထွက်မပြေးနဲ့
အမြဲကြည်ဖြူစွာ မင်းကို ချစ်နေမှာ
အနာဂါတ်အတွက် အသင့်ရှိနေသူ
ရင်ထဲမှာ အချစ်စိတ်နဲ့ အေးမြနေစေချင်တယ်
ကိုယ် နေပေးမယ် အချစ်လေးအနား

အားငယ်နေလား အရှုံးပေးပြီး ထွက်မပြေးနဲ့
အရာရာကို ခွင့်လွှတ်ပေးမယ် နားလည်သူလေးမို့
မင်း အခုထိ ရင်ထဲမှာ အရင်လို ရှိတုန်းပဲကွယ်
ချစ်မြဲအတိုင်း ချစ်မယ်
ကိုယ့်ဘက်က မငြူစူ

မတူတဲ့ဘဝမှာ မဆိုလိုက်နဲ့ကွာ
ကြင်နာတတ်သူ လူသားချင်း ချစ်သည်
မင်းနဲ့ထပ်တူ ကြယ်စင် ခဏ ပိုင်ဆိုင်ချင်တာ
မဝေးဘူး ချစ်သူ အိပ်မက်များ
ဘာမှလည်း မစဉ်းစားနဲ့တော့ အတိတ်ကို
မေ့ပစ်လိုက်ပေါ့ ခေါင်းတွေပူ
လိုချင်တာ ဘာမှ မရရင်လည်း
အချစ်နဲ့ ရှေ့ဆက်ဝံ့သူ ဘယ်တော့မှ မငြီးငြူ
နောက်ဆုံးတစ်နေ့ တို့နှစ်ယောက် ပျော်နိုင်ပါ
ဒီရည်မှန်းချက် ရင်မှာအတူ

အားငယ်နေလား အရှုံးပေးပြီိး ထွက်မပြေးနဲ့
အမြဲကြည်ဖြူစွာ မင်းကို ချစ်နေမှာ
အနာဂါတ်အတွက် အသင့်ရှိနေသူ
ရင်ထဲမှာ အချစ်စိတ်နဲ့ အေးမြနေစေချင်တယ်
ကိုယ် နေပေးမယ် အချစ်လေးအနား

အားငယ်နေလား အရှုံးပေးပြီး ထွက်မပြေးနဲ့
အရာရာကို ခွင့်လွှတ်ပေးမယ် နားလည်သူလေးမို့
မင်း အခုထိ ရင်ထဲမှာ အရင်လို ရှိတုန်းပဲကွယ်
ချစ်မြဲအတိုင်း ချစ်မယ်
ကိုယ့်အသက်လောက်ချစ်တယ်

အားငယ်နေလား အရှုံးပေးပြီး ထွက်မပြေးနဲ့
အမြဲကြည်ဖြူစွာ မင်းကို ချစ်နေမှာ
အနာဂါတ်အတွက် အသင့်ရှိနေသူ
ရင်ထဲမှာ အချစ်စိတ်နဲ့ အေးမြနေစေချင်တယ်
ကိုယ် နေပေးမယ် အချစ်လေးအနား

အားငယ်နေလား ကံတရားကို
တို့ယုံကြည်စွာလေ အရှေ့မှာ
ရင်ဆိုင် ရုန်းထွက်ကြမယ်
အဆိုးတွေ လွန်မြောက်မှ
တို့အကောင်းဘက်ကို ရောက်မယ်
ခံယူနေရင်းနဲ့လေ
ချစ်မြဲအတိုင်း ချစ်မယ်
ကိုယ့်ဘက်က အပြစ်မမြင်