Album Cover Pee Khae Thaw Zatt Lan a Kyin (feat. Tha O)

Pee Khae Thaw Zatt Lan a Kyin (feat. Tha O)

Sai Sai Kham Leng

5

ငါရှုပ်ထွေးတဲ့ လူ့ဘဝမှာရိုးသားချင်ဖူးတယ်

စာတော်တဲ့ကျောင်းသားတစ်ယောက် ဖြစ်ချင်ဖူးတယ်

ကြိုးစားခဲ့ဖူးတယ် ဆုတွေလည်းဆွတ်ခူးတယ်ကလေးဘဝ မိသားစုနဲ့ကြည်နူးခဲ့

ငါစွဲလမ်းယစ်မူးတဲ့စိတ်ဆန္ဒတစ်ခုက

အဆိုတော်ကြီးဖြစ်ဖို့ စိတ်ကူးနဲ့ရူးတယ်

ဆယ်ကျော်သက်အရွယ် အိမ်မှာနောက်ထပ်မနေချင်ဘဲ

အုတ်ခုံမှာဂစ်တာတီးတဲ့ အပေါင်းအသင်းတွေအသေခင်တယ်

စာတွေမသင်ချင်ဘဲ ငါရည်းစားတွေပဲထားချင်

ကျူရှင်ခတွေတောင်းပြီး အပြင်ကိုလျှောက်ပြီးသွားချင်

Game ကစားချင် အိမ်ကပိုက်ဆံနှိုက်ခဲ့

ဆိုးတဲ့ငါ အကျိုးမဲ့စွာ ပေတေပြီးမိုက်မဲ

လက်ဖက်ရည်ဆိုင်နဲ့ လမ်းပေါ်ကရန်ပွဲတွေ

မနေ့တစ်နေ့က အဖြစ်အပျက်လို လွမ်းမိနေတုန်းပဲ

ဆရာမတွေ ခေါင်းကိုက်အောင်သောင်းကျန်းခဲ့

လူကြီးတွေကလည်း မင်းဒီအိမ်ကနေပြောင်းစမ်းတဲ့

အိပ်မက်များ ငါမက်ရင်း

အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်

တိမ်လိုပဲ မျောလွင့်ရင်း

ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ

ရှာဦးမယ်

အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်

ငါရည်မှန်းတဲ့ဘဝအတွက် မျှော်လင့်ချက်များအတွက်

ရန်ကုန်မြေကိုနင်းခဲ့တာ သုံးရာခြောက်ဆယ့်ငါးရက်

၄၈ ကားကိုစီးလို့ မြို့ထဲကိုလျှောက်ကာထွက်

သင်တန်းတွေလျှောက်ကာတက် လူကလည်းမြောက်ကာတက်

ငါတစ်ယောက်တည်း မျောလွင့်ခဲ့ အချိန်က

လုပ်ချင်တာဖြစ်ချင်တာ စိတ်တွေကများ

Model ကြီးဖြစ်ချင်တယ် အဆိုတော်လည်းရူးတယ်

ရုပ်ရှင်တွေကြည့်ပြီးတော့ ဇာတ်လိုက်လည်းရူးတယ်

Vcd ရိုက်တဲ့ဝင်ငွေနဲ့လည်းရပ်တည်ဖူးတယ်

ခပ်တည်တည်နဲ့ shooting တွေလည်း ရပ်ကြည့်ဖူးတယ်

ချောကလက်ရောင်ရေခဲအိမ်မက် အခွေကိုလည်းဖြန့်ချိဖူးတယ်

အမှတ်မရှိဘဲ မကြာခဏလည်း heart ထိဖူးတယ်

ကြော်ငြာTv နဲ့ စူပါစတားတွေလည်း

ငါသိပ်ကိုအားကျပြီးအရမ်းကိုရူးသွပ်ပြီးမိုက်မဲ

ငါကြိုက်တဲ့မိန်းကလေးတစ်ယောက်ကိုအသည်းအသန်လိုက်ခဲ့

ကမာရွတ်၂ ကျောင်းရှေ့မှာအချစ်ရဲ့မှတ်တိုင်စိုက်ခဲ့

အိပ်မက်များ ငါမက်ရင်း

အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်

တိမ်လိုပဲ မျောလွင့်ရင်း

ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ

ရှာဦးမယ်

လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်

ဖြစ်ချင်မှုတွေအောက်မှာ အရင်းအနှီးတွေနဲ့

ရယူခြင်းရဲ့နောက်မှာ ဒီလိုပေးဆပ်ခြင်းတွေနဲ့

အချိန်တွေ ပုံအောပြီးတော့ရလာတဲ့ရလဒ်

အခု မထူးခြားသေးပါဘူးဟေ့ ဘဝဆိုတာဟာပြဇာတ်

ကနေရင်း ပြရင်းနဲ့ ဖြစ်ပျက်ခဲ့ဇာတ်လမ်း

သူငယ်ချင်းများစွာနဲ့ ဖေဖော်ဝါရီမှတ်တမ်း

အသည်းတွေလည်းကွဲအက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ဖူးပြီ

တခါတလေလည်း ငါအောင်မြင်မှုနဲ့ယစ်မူးသည်

ချစ်သူတွေကလက်ဆောင်ပန်းစည်းတွေပေး

တချို့တွေက ဆဲရေးလို့ရေသန့်ဗူးနဲ့ကျွေး

အချစ်ရှိရင်အမုန်းရှိမယ် အဖြူရှိရင်အမည်းရှိမယ်

သဘာဝတရားပဲ အတက်ရှိတော့ အဆင်းရှိမယ်

ဒီဘဝအတွက်တော့ ကံတရားကိုဦးညွှတ်တယ်

စိတ်ဖိစီးမူ ဖိအားတွေနဲ့ ရူးသွပ်ဆဲ

ငါဟာအဲဗားဂေါ်လီ အနုပညာနဲ့အထူးပျော်သည်

ပရိသတ်အတွက် ငါ့နာမည်ကို စိုင်းစိုင်းဟုခေါ်သည်

အိပ်မက်များ ငါမက်ရင်း

အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ်

တိမ်လိုပဲ မျောလွင့်ရင်း

ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ

ရှာဦးမယ်

အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ်

ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ်

ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ်

ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ်

ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ်