Lyrics
ခေါင်းထဲက လွှင့်ပစ်လိုက်ချင်တယ်
ငါနာကျင်နေချိန်အနားကလမ်းပြသူရယ်၊ နှောင့်ယှက်သူတွေကြားမှာ
နှလုံးသားလေး နွမ်းလျခဲ့ တစ်ယောက်တည်း
ဟူး အားပေးသံများ၊ ကဲ့ရဲ့သူတွေကြားမှာ
ဟူး ငါ့အတွက် တစ်နေရာ ခိုနားခွင့်ရှိမလား?
မျှော်လင့်ချက်အပြည့်နဲ့
ငါလျှောက်လှမ်းဆဲ ဒီခရီးရှည်ထဲ
ဒဏ်ရာများနဲ့ခရီးသည် ဆူးများထဲ
မယိုင်လဲတဲ့စိတ်နဲ့ ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်
တောင်တန်းများ ခြားနားထားလည်း
လွင်ပြင်ချိုင့်ဝှမ်းများ ကျော်ဖြတ်ခဲ့
မမောမပန်းဘဲ ခရီးဆက်မယ် တစ်ယောက်တည်း
တစ်ခါတစ်လေမှာ နောက်ကျောက
ထိုးနှက်သူရယ်၊ တွန်းပို့သူတွေ ကြားမှာ
ကွဲအက်တဲ့နှလုံးသားနဲ့
ငါ့ရဲ့အနားမှာ ငါပဲရှိတယ်
မျှော်လင့်ချက်အပြည့်နဲ့
ငါလျှောက်လှမ်းဆဲ ဒီခရီးရှည်ထဲ
ဒဏ်ရာများနဲ့ ခရီးသည် ဆူးများထဲ
မယိုင်လဲတဲ့စိတ်နဲ့ ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်
(Ho-ho-wo-hoo-wo)
အဆုံးမဲ့ ဒီကမ္ဘာကြီးထဲ
(Ho-ho-wo-hoo-wo)
အမုန်းများ ငါချန်ရစ်ခဲ့
(Ho-ho-wo-hoo-wo)
အလင်းများရှိရာကို ရှေ့ဆက်နေမယ်
ငါ တစ်ယောက်တည်း
မျှော်လင့်ချက်အပြည့်နဲ့
ငါ လျှောက်လှမ်း ဆဲ
ဒဏ်ရာများနဲ့ ခရီးသည် ဆူးများစွာထဲ
(Ho-wo-woo-ho-ho)
မျှော်လင့်ချက်အပြည့်နဲ့
(Ho-wo-woo-ho-ho)
ငါလျှောက်လှမ်းဆဲ ခရီးရှည်ထဲ
ဒဏ်ရာများနဲ့ခရီးသည် ဆူးများထဲ (ဆူးများထဲ)
မယိုင်လဲတဲ့စိတ်နဲ့ (စိတ်နဲ့) ငါရှေ့ဆက်နေမယ်
အရှုံးမပေးတဲ့ ငါ့ကိုယ်ငါ ကျေးဇူးတင်တယ်
(Ho-ho-wo-hoo-wo)
(Ho-ho-wo-hoo-wo)
Music Video
About
Artist May
Added 10 months ago
More from May
Popular Now
Tung tung tung sahur (English Translation)
Genius English Translations • 6,416 views
倉橋ヨエコ (Yoeko Kurahashi) - 沈める街 (Sinking Town) (Romanized)
Genius Romanizations • 3,062 views
Sherine - Batmana Ansak (English Translation)
Genius English Translations • 2,597 views
Pikiran yang Matang
Perunggu • 1,905 views
AKUGETSU - Mi Vida Loca (VIVINOS - ALNST Sub : Till Part.1)
Genius English Translations • 1,767 views