Theinkpan Htun (သိပ္ပံထွန်း)

Ei Thot Pyu Ya (ဤသို့ပြုရ)

by Theinkpan Htun (သိပ္ပံထွန်း)

28 Views Aug 16, 2026

Lyrics

မင်း နာမည်လေးနဲ့
ဘုရားမှာ ရေချမ်းသပ္ပါယ်
ကိုယ်ရည်စူးတဲ့ ကုသိုလ်တွေ
ကမ္ဘာတစ်ဖက်ခြမ်းက အေးမြစေ
မေတ္တာပို့တိုင်းလည်း
မင်းကို အစ်ကိုသတိရတယ်
ဘယ်ဆီများ မင်းရောက်နေမလဲ...
နေနိုင်လွန်းတဲ့ သူစိမ်းလေးရယ်
မပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းကိုလေ...
ငိုယိုကာ ဆွဲ မထားခဲ့တော့ဘူး...
ကိုယ်လိုလူမျိုးထက် ကောင်းနိုင်မယ့်...
လူကိုသာ မင်းရွေးလိုက်ပါတော့...
ပြု ပြုသမျှကုသိုလ်တွေ မင်းအတွက်ပေးတယ်
နောက်ဘဝတော့ ဖြစ်နိုင်ရင်
မတွေ့ဖို့ရွေးမယ်
ဒါဟာဝဋ်ကြွေးဆိုလည်း အငြှိုးရှိသမျှ ကျေ
ကိုယ်ဟာချစ်ပြီဆိုလည်း ပေါင်းဖက်ပါရစေ
ကလေးရေ...
ချည်နှောင်မိတဲ့ မေတ္တာတွေ
ကိုယ်ပြန်လွတ်မြောက်ရပါစေ

အသက်..ရေ...

အသည်းမာတဲ့ မင်းနဲ့
မခွဲခွါနိုင်သေးတဲ့ ကိုယ်
နှစ်ကိုယ်တူရှိတဲ့ ရှေးရေစက်..
ကံက အကျိုးပေး နည်းခဲ့တယ်
ဖြစ်လေရာ ဘဝတိုင်းလည်း
စွန့်ပယ်ခံရခြင်းတွေ
လူအချင်းချင်း လှည့်ပတ်ခြင်း...
ထာဝစဥ် ကင်းဝေးခဲ့ပါရစေ
မပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းကိုလေ...
ငိုယိုကာ ဆွဲ မထားခဲ့တော့ဘူး...
ကိုယ်လိုလူမျိုးထက် ကောင်းနိုင်မယ့်...
လူကိုသာ မင်းရွေးလိုက်ပါတော့...
ပြု ပြုသမျှကုသိုလ်တွေ မင်းအတွက်ပေးတယ်
နောက်ဘဝတော့ ဖြစ်နိုင်ရင်
မတွေ့ဖို့ရွေးမယ်
ဒါဟာဝဋ်ကြွေးဆိုလည်း အငြှိုးရှိသမျှ ကျေ
ကိုယ်ဟာချစ်ပြီဆိုလည်း ပေါင်းဖက်ပါရစေ
ကလေးရေ...
ချည်နှောင်မိတဲ့ မေတ္တာတွေ
ကိုယ်ပြန်လွတ်မြောက်ရပါစေ
အသက်..ရေ...